+959250252622
info@thousandisland.org

“အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ “” ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ ကျင်းပသော (၁၀)နှစ်ပြည့်အခမ်းအနား”” Protect Rivers, Protect People”

14.3.2026 ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း၊ ကွန်ဟိန်းရပ်မိရပ်ဖနှင့် ဒေသခံများမှဦးဆောင်၍ ကျင်းပပြုလုပ်ခြင်း March 14 တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ နမ့်ပန်ချောင်း၊ ကွန်အော်ကျွန်း/ ကွန်အော်ရေတံခွန်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ရှမ်း၊ လီဆူ၊ လားဟူ၊ အာခါ၊ ယင်းကြား၊ မြောင်ဇီး၊ ကရင်နှင့် ဗမာ စသောတိုင်းရင်းသားများနှင့် ကွန်ဟိန်းမြို့ဒေသရှိ ဒေသခံများ ၅၀၀ ဝန်းကျင် တက်ရောက်ပါဝင်ခဲ့ကြပါသည်။ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းနေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားများ၏ ရိုးရာ၊ ယဥ်ကျေးမှု၊ ဓလေ့ ဆိုင်ရာပြခန်း၊ ဒေသခံအမျိုးသမီးခေါင်းဆောင်များ ပါဝင်သော ရေအရင်းအမြစ်နှင့် ပက်သတ်သည့် စကားဝိုင်းဆွေးနွေးပွဲများ၊ မသန်စွမ်းများနှင့်ဆိုင်သော အသိပညာမျှဝေမှုများ၊မြစ်ချောင်းများနှင့် မသန်စွမ်းဆိုင်ရာ၊ မြစ်ချောင်းထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိန်းခြင်းဆိုင်ရာ လက်ကမ်းစာဆောင်များ မျှဝေခြင်း စသောအစီအစဥ်များဖြင့် ကျင်းပပြုလုပ်သွားခဲ့သည်။အခမ်းအနားတွင် တက်ရောက်လာသော တိုင်းရင်းသားလူမျိုးစု […]

ဆီဆိုင်မြို့မြေသိမ်းခံတောင်သူအတွက် မြေအစားထိုးပြန်ပေးရန်

ဆီဆိုင်မြို့တပ်မတော်တပ်ရင်း ခမရ ၄၂၄ နှင့် ၄၂၃မှ သိမ်းဆည်း ထားသည့် မြေဧက ၁၉၀၀ ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က တောင်သူတစ်ဦးလျှင်အစားထိုးမြေ တစ်ဧကစီ အစားထိုး ပြန်ပေးရန် ဇူလှိုင်လ ၁၆ ရက်က လာရောက်ညှိုနှိုင်းမှုအ ပေါ်တောင်သူများလက်မခံခဲ့ကြောင်း တောင်သူများထံသိရသည်။

ခိုလမ် တပ်သိမ်းမြေကိစ္စ တရားစွဲခံ တောင်သူများ အမှု ရင်ဆိုင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် တပ်သိမ်းမြေ ကိစ္စနှင့် ပတ်သက်၍ တရား စွဲခံထားရသည့် တောင်သူများ၏ အမှုမှ ဇူလိုင်လ ၁၀ ရက် ရုံးချိန်းတွင် တရားသူကြီး ခရီး လွန်နေသဖြင့် စစ်ဆေးနိုင်ခဲ့ခြင်း မရှိဘဲ လာမည့် ဇူလိုင်လ ၂၁ ရက် ကို ထပ်မံ ချိန်းဆိုခဲ့ပြီး တောင်သူများဘက်မှ ကိုယ်စားလှယ်ဖြင့်သာ ထပ်မံ ရင်ဆိုင်နိုင်ရေး တင်ပြထားသည်ဟု သိရသည်။