ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းနှင့် ပွိုင့် ရိုးရာဝန်းကျင်မြှင့်တင်ရေး အဖွဲ့ တို့ မှ ပူးပေါင်း၍ ရွေးကောက်ပွဲ မဲဆွယ်ခြင်း စီမံခန့် ခွဲမှုနှင့် ဌာနေတိုင်းရင်းသားဆိုင်ရာ သင်တန်းဆင်းပွဲ ချီးကျူးဂုဏ်ပြုပွဲအား (၂၅.၈.၂၀၂၀)မှ (၂၇.၈.၂၀၂၀) ရက်အထိ တောင်ကြီးမြို့ ချယ်ရီကွင်းဟိုတယ် တွင် (၃)ရက်ကြာပြုလုပ်ခဲ့ပါသည်။

၂၀၁၇-၂၀၂၀ ကာလအတွင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ ပြုလုပ်ခဲ့သော နိုင်ငံသားဆိုင်ရာ အသိပညာနှင့် လွှတ်တော် လုပ်ငန်းဆိုင်ရာ ခေါင်းဆောင်မှု ပရိုဂရမ်မှ(Civic Education and Leadership for Parliamentary Process Program)သင်တန်းသား စုစုပေါင်း (၁၂၀)ဦးကျော်ရှိပြီး ၄င်းတို့အတွင်းမှ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေသစုံပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း(၁၅)ဦး၊ မဲဆွယ်စောင့်ကြည့်လေ့လာသူ (၁၃)ဦး၊ စောင့်ကြည့်လေ့လာသူ (၁၀)ဦးနှင့် ကျွန်းတစ်ထောင်မြေ ဝန်ထမ်းအဖြစ် (၅)ဦး အဖြစ် လုပ်ဆောင်နေကြပြီဖြစ်ပါသည်။

(၃)ရက်တာသင်တန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TLND)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)တို့မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည့်သူများ၊ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည့်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လုပ်ဆောင်မည့်သူ စုစုပေါင်း(၂၇)ဦး တက်ရောက်ခဲ့ပါသည်။