တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကျားနီ ပါတီက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁ ယောက်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ကနေ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ် ၌၂ ဦး စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယနေ့တွင် ကျားနီပါတီကနေ အရွေးခံမည့် ဟုမ္မလင်းမြို့နယ်၏ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းခမ်းလွင် အကြောင်းကို ဖော်ပြလိုက်သည်။
——-
အမည် – ဒေါ်နန်းခမ်းလွင်
အသက် – ၃၂ နှစ်
မိဘ – ဦးဌေးဝင်း + ညွန့်စိန်
ဇာတိ – နမ့်တောအထက်တောင်ပေါ်ရွာ ၊ ဟုမ္မလင်းမြို့
ပညာအရည်အချင်း – B.A ( Geography )
၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း နန့်တောစံပြကျေးရွာမှ တစ်ဆင့် အောင်မြင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ ပထဝီအထူးပြု ဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
မူကြိုဆရာမအဖြစ်လည်းကောင်း၊ စေတနာ့ဝန်ထမ်းဆရာမအဖြစ် လည်းကောင်း၊ ရှမ်းနီစာပေနှင့် ယှဉ်ကျေးမှု ဆရာမဖြစ်လည်းကောင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့သည်။
ပြည်သူနီတိပညာရေး နှင့် လွှတ်တော်ဆိုင်ရာ ဦးဆောင်မှုသင်တန်းများကို လည်း တက်ရောက် လေ့လာခဲ့သည်။ ၂၀၁၉ တွင်တောင်ကြီးမြို့အခြေစိုက် ကျွန်းတထောင်မြေဖောင်ဒေးရှင်တွင် နိုင်ငံသားဆိုင်ရာ အသိပညာနှင့် လွှတ်တော်ဆိုင်ရာခေါင်းဆောင်မှုသင်တန်းကို ၁ လခွဲကြာမျှ ရက်ရှည် တက်ရောက်ခဲ့သည်။
တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသို့ဝင်ရောက်ခဲ့ပြီး အမျိုးသားရေး တာဝန်များကို တတ်စွမ်းသည့်ဘက်မှ ပါဝင်လုပ်ကိုင် နေသည်။ ၂၀၂၀ သြဂုတ် ၅ ကနေ ၉ အထိ မန္တလေးအခြေစိုက် တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုဋ္ဌာနချုပ် တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အရည်အချင်းစွမ်းရည်မြှင့်သင်တန်းကို ၅ ရက်ကြာ တက်ရောက်ခဲ့သည်။
ယခုရွေးကောက်ပွဲတွင် ဌာနေရှမ်းနီ နှင့် ရှမ်းတိုင်းရင်းသားများအပါအဝင် ပြည်သူလူထု၏ ဆန္ဒမဲဖြင့်ရွေးချယ်တင်မြှောက်ခံရပါက ဒေသတွင်းက တိုင်းရင်းသားပြည်သူတို့၏ အကျိုးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သည်။