၁၉- ၅- ၂၀၂၂ မှ ၂၁ -၅-၂၀၂၂ ရက်နေ့ထိ ကွန်ဟိန်းမြို့ ကုန်အော်ကျွန်းတွင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ ဦးဆောင်၍ သံလွင်မြစ်နှင့်နမ့်ပန်မြစ်ဝှမ်း ဒေသတွင် နေထိုင်ကြသော နမ့်စမ် ၊ ကွနိဟိန်း၊ ကာလိ၊ ကျေးသီးမှ ရှမ်း၊ လားဟူ၊ လီဆူ၊ ယင်းကြားလူမျိုးများ သင်တန်းသား ၄၇ ဦးနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ သဘာဝသယံဇာတ စီမံခနိ့ခွဲရေးနှင့် ဌါနေတိုင်းရင်းသားတို့၏ အခွင့်အရေးဆိုင်ရာ သင်တန်းပြုလုပ်ခဲ့ကြပါသည်။


သင်တန်းပြုလုပ်ရန် နေရာပေးပါသော ကုန်အော်ဆရာတော်နှင့် လာရောက်အားပေးပါသော ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းနာယက၊ နမ့်ခုံးပရဟိတ ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြ ၊ ယုံကြည်စွာဖြင့် မိမိတို့ ရွာသားများကို လွတ်ပေးပါသော ဒေသခေါင်းဆောင်များ ၊ ဘာသာရေးခေါင်းဆောင်များ၊ တက်ရောက်လာကြပါသော သင်တန်းသူ သင်တန်းသားများ ၊ ခက်ခဲသည့်အခြေအနေကြားမှ လာရောက်သင်ကြားပေးသည့် ကိုဖိုးချမ်း (OLW) နှင့်ဆရာအေပရာယ်တို့အား အထူးကျေးဇူးတင်ပါသည်။ ထောက်ပံ့ပေးသော အလှူရှင်အားလည်း ကျေးဇူးတင်ရှိပါသည်။
အထူးသဖြင့်……
အခက်အခဲအမျိုးမျိုးကြားက အောင်မြင်အောင်လုပ်ဆောင် ရင်ဆိုင် ဖြေရှင်း ပူးပေါင်း သည်းခံ ပြုလုပ်ပေးကြပါသော ကျွန်းတစ်ထောင်မြေ ၏ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို အထူးကျေးဇူးတင်ပါသည်။