+959250252622
info@thousandisland.org

ကိုယ်စားလှယ်လောင်းများနှင့် မဲဆွယ်စည်းရုံးမည့် သူများအား ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ သင်တန်းပို့ချ

ဩဂုတ် ၊ ၂၇ တောင်ကြီး။

လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ကဏ္ဍ အသီးသီးက ပါဝင်ကြသူများကို ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း နဲ့ ပွိုင့် ရိုးရာ ဝန်းကျင် မြှင့်တင်ရေး အဖွဲ့တို့ပူးပေါင်း ပြီး မဲဆွယ်ခြင်း ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ဌာနေတိုင်းရင်း သားများ အခွင့် အရေး ပိုမိုသိရှိ စေရန် ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ တောင်ကြီးမြို့ ၊ ချယ်ရီကွင်း ဟိုတယ်မှာ သင်တန်းပို့ချခဲ့ပါတယ် ။
၂၀၁၇ ခုနှစ်မှ ၂၀၂၀ ကာလအတွင်း ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းကနေ နိုင်ငံသားဆိုင်ရာ အသိပညာနဲ့ လွှတ်တော်လုပ်ငန်းဆိုင်ရာခေါင်းဆောင်မှု ပရို ရရမ်မှ
(Civic Education and Leadership for Parliamentary Process Program) စတဲ့ သင်တန်းတွေ ပို့ချခဲ့ပါတယ် ။
အဆိုပါ သင်တန်းကိုတက်ရောက်ခဲ့တဲ့ သင်တန်းသား စုစုပေါင်း ၁၂၀ ဦးရှိခဲ့ပြီး ယခုအခါ ၎င်းသင်တန်းသား များထဲမှ ကိုယ်စား လှယ်လောင်း အဖြစ် ၁၅ ဦး၊ မဲဆွယ်စည်းရုံး သူ ၁၃ ဦး၊ ရွေးကောက်ပွဲစောင့် ကြည့်လေ့ လာသူ ၁၀ ဦး နဲ့ ကျွန်းတစ်ထောင်မြေဖောင်ဒေး ရှင်းရဲ့ ဝန်ထမ်းအဖြစ် ၅ ဦးဟာ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကဏ္ဍအသီးသီးကနေ ပါဝင်ကြမှာ ဖြစ်ပါတယ် ။
၃ ရက်တာသင်တန်းကို ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမဒေါ်နန်းဝါနု ၊ ကိုဧပရယ် ကြူးကြူး ၊ မငယ်ငယ် ၊ ကိုဝင်းရှိန်းမြတ် ကတို့က ဌာနေတိုင်းရင်းသား များဆိုင်ရာအခွင့် အရေး ၊ မဲဆွယ်စည်းလုံးရေးဆိုင်ရာစီမံခန့်ခွဲမှု၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များ ၊ မဲဆွယ်စည်းရုန်းရေးတွင်ပြင်ဆင်ရမည့် အချက်အလက် နဲ့ ပွိုင့် ရိုးရာ ဝန်းကျင် မြှင့်တင်ရေး အဖွဲ့က Zoom နဲ့ ဆွေးနွေးတင်ပြခဲ့ပါတယ် ။
ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ သင်တန်းဆင်းပြီး ရွေးကောက်ပွဲအတွက် အခန်းကဏ္ဍ အသီးသီးက ပါဝင်ကြမည့် သူများမှာ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်(NLD) ၊ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KYSDP) ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNLD) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) စသော ဒေသစုံပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ နှင့် အရပ်ဖက်အဖွဲ့ အစည်းများစုစုပေါင်း ၂၇ ဦးပါဝင်တက်ရောက်ခဲ့ပါတယ် ။
၂၇ ရက်နေ့မှာတော့ သင်တန်းဆင်းပွဲနဲ့ ရွေးကောက်ပွဲမှာပါဝင်ကြမယ့် ကိုယ်စားလှယ် နဲ့အဖွဲ့အစည်းတွေကို ချီးကျူးဂုဏ်ပြုတဲ့ အခန်းအနားကျင်းပခဲ့ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *