ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းနှင့် မညီ၍ကိုယ်စားလှယ် ၅ ဦး ပယ်ဖျက်ခံရ
စက်တင်ဘာ(၁) ၊ တောင်ကြီး ။
ရှမ်းပြည်နယ်တွင်း၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရန် အဆိုတင် သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းများ အနက် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းနှင့် မညီ၍ ကော်မရှင်မှ စီစစ် ပယ်ဖျက်လိုက် သည့် ကိုယ်စား လှယ်လောင်း (၅) ဦး ရှိကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးထင်ကျော်ထံမှသိရသည် ။
ကို ကျွန်တော်တို့ကော်မရှင် ကနေစစီစစ်ပြီး ပယ်ဖျက်လိုက်တာ ဖြစ်တယ် ” ဟု ဦးထင်ကျော်ကပြောသည် ။
ပြည်နယ်ကော်မရှင်မှ စီစစ်ပယ်ဖျက်လိုက်သည့် ကိုယ်စားလှယ်လောင်း များမှာ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ မှ ၃ ဦး ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် ပါတီမှ ၁ ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ ၁ ဦး စုစုပေါင်း ၅ ဦး ဖြစ်ကြောင်းသိရသည် ။
ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် တွင် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၀၃၇) ရှိသည့် အနက် ကော်မရှင်မှ စီစစ် ပယ်ဖျက်လိုက် သည့် ကိုယ်စား လှယ်လောင်း (၅) ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် မိမိအမည်စာရင်းတင်သွင်း လွှာကို ပြန်လည် ရုတ်သိမ်းခဲ့သည့် ကိုယ်စားလှယ်လောင်း (၁၄) ဦးရှိ ပြီး လက်ရှိတွင် ၁၀၁၈ ဦးကျန်ရှိနေ ကြောင်း ရှမ်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထင်ကျော်ထံမှဆက်လက်သိရှိရပါသည် ။
Credit#Right Way News