တောင်ကြီးမြို့နယ်သို့ လာလျှင် ထောက်ခံစာ လိုအပ်
စက်တင်ဘာ (၅) ၊ တောင်ကြီး
တောင်ကြီးမြို့နယ်အနေနဲ့မြို့ဝင်မြို့ထွက် စစ်ဆေးရေး ဂိတ်ကို တောင်လေး လုံးကျေးရွာ အုပ်စု မှာရှိတဲ့ ပြည်ထောင်စုလမ်းမ ကြီးပေါ်မှာ ထားရှိပြီး ကျန်းမားရေးစစ်ဆေးမှုတွေ နဲ့ ခရီးသွားရာဇဝင် မှတ်တမ်းတင်ခြင်းများ ပြူလုပ်နေတယ်လို့သိရပါတယ် ။
“ တောင်ကြီးမြို့နယ်အတွင်းကို ဝင်လာရင် ထောက်ခံစာယူလာရပါမယ် ၊ မိမိနေထိုင် သောအရပ်ဒေသကနေ ဘာအကြောင်းအရာ ကိစ္စနဲ့ တောင်ကြီး မြီု့ကို လာရောက်တယ်ပေါ့ ဒီအချက်အလက်လေးကို ယူလာပေးဖို့လိုပါတယ် ။ မြို့အဝင်အထွက် ဂိတ်တွေမှာ လာရောက်တဲ့ ပုဂ္ဂိုလ်များ က အခြေအနေအ မှန်ကိုမပြောဘူး ။ မပြောတဲ့ အတွက် ကျွန်တော်တို့ သတင်းအချက်အလက် အမှန်ကို မရတော့ဘူး ။ ” တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ပြောပါတယ် ။
၎င်းစစ်ဆေးရေး ဂိတ်မှာ ပြည်ပကနေ တရားမဝင်ရောက်ရှိလာတဲ့ ပုဂ္ဂိုလ်တွေ ၊ stay at home သတ်မှတ်ထားတဲ့ ဒေသတွေကနေ လာတဲ့ ပုဂ္ဂိုလ်တွေ ရယ် ၊ ဂိတ်ကို ဖြတ်သန်းဆောင်ရွက်တဲ့ နေရာမှာ ကျန်းမာရေး ဆိုင်ရာ သံသယ ရှိတဲ့ ပုဂ္ဂိုလ်တွေကို စစ်ဆေးဆောင်ရွက်ဖို့ နဲ့ ခရီးသွားရာဇ ဝင်မှတ်တမ်းတင် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ် တယ်လို့ ဦးဖြိုးမင်းထိုက်ရှင်းပြပါတယ် ။
တောင်လေးလုံးစစ်ဆေးရေးဂိတ်ကို ဩဂုတ်လ (၂၄ ) ရက်နေ့က ကျန်းမာရေး စစ်ဆေးမှုတွေ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး လိုအပ်ရင် ဟိုပုံးဂိတ်နဲ့ ကျောက် တစ်လုံး ကြီး ဂိတ်ကို ဆက်လက်ဖွင့် လှစ်ဆောင်ရွက် သွားမယ်လို့သိရှိရ ပါတယ် ။
credit # Right Way News