ကျောက်မဲစစ်ဘေးရှောင် ပြည်သူများအတွက် အလှူခံခြင်း
*ယခုကာလအတွင်း ပစ္စည်းများပို့ဆောင်ရန် အခက်အခဲရှိသည့်အတွက် တောင်ကြီးမှ အလှူငွေများအား စနစ်တကျဖြစ်စေရန် စုဆောင်းပြီး ကျောက်မဲမှ အဖွဲ့ဝ◌င်များမှ ပစ္စည်းများဝ◌ယ်ယူလှူဒါန်းပေးမည်ဖြစ်ပါသည်။*
#Unicode ဖြင့်


ကျောက်မဲမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ပြည်သူ(၃၀၀၀)ကျော်ရှိနေပြီး ဆန်နှင့်အခြားသော အခြေခံလူမှုစားသုံးကုန်များ လိုအပ်လျက်ရှိရာ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း အနေဖြင့် ဆန်နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများအတွက် စုဆောင်းလှူဒါန်းမည်ဖြစ်ပြီး တတ်စွမ်းသရွေ့ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် နှိုးဆော်အပ်ပါသည်။ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့ နန်းမိုဖောင်း (Daw Nang Mo Phong)၏ KBZ Pay အကောင့်သို့ (09444284081) သို့ပေးပို့လှူဒါန်းနိုင်ပါသည်။ အလှူငွေများကို (၁၁.၁၀.၂၀၂၀) မှ (၁၆.၁၀.၂၀၂၀) အထိ စုစုပေါင်း(၅)ရက် ကောက်ခံမည်ဖြစ်ပြီး လှူဒါန်းသည့်စာရင်းများအား စာရင်းပြုစုတင်ပြပေးပါမည်။
*ယခုကာလအတွင်း ပစ္စည်းများပို့ဆောင်ရန် အခက်အခဲရှိသည့်အတွက် တောင်ကြီးမှ အလှူငွေများအား စနစ်တကျဖြစ်စေရန် စုဆောင်းပြီး ကျောက်မဲမှ အဖွဲ့ဝ◌င်များမှ ပစ္စည်းများဝ◌ယ်ယူလှူဒါန်းပေးမည်ဖြစ်ပါသည်။*