ကိုဗစ်ကာလ အတွင်း ရှမ်းပြည်နယ် နယ်စပ်ဂိတ်များမှ နေရပ်ပြန်သူ ၅ သောင်းကျော် ရှိ

စက်တင်ဘာ ၊ ၂ (တောင်ကြီး)


စက်တင်ဘာ (၂) ရက်နေ့က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပချိန် ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်မှ နယ်စပ်ဂိတ် ထွက်ပေါက် ဝင်ပေါက်များ ဖြစ်သော မိုင်းလား ၊ မူဆယ် ၊ လောက်ကိုင် ၊ ချင်းရွှေဟော် ၊ တာချီလိတ်တံတား အမှတ် ၂ ၊ တာချီလိတ်-လာအို ဝင်ပေါက်နှင့် အခြားဝင်ပေါက်တို့မှ တစ်ဆင့် နေ့အလိုက် နေရပ်ပြန်များ ဝင်ရောက်မှုမှာ ၂၀၂၀ ခုနှစ် ဧပြီလ ၁၆ နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ နေရပ်ပြန်သူ စုစုပေါင်း (၅၃၇၉၉) ဦး ရှိပြီး နေရပ်ဒေသ အသီးသီးသို့ပြန်လည် ပို့ဆောင်ပေးပြီး ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

COVID – 19 ရှမ်းပြည်နယ် အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်နယ်အဆင့် Coronavirous disease ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိရာ အသွားအလာကန့်သတ်ခြင်း ၊ Quarantine center ပြင်ဆင်ထားတဲ့ နေရာပေါင်း (၃၄၂) ၊ စောင့် ကြည့်သူဦးရေ (၃၂၀၉) ဦးရှိပြီး COVID – 19 ရောဂါပိုးတွေ့ရှိသူ (၁၁) ဦးရှိသည့် အနက် (၁၀)ဦးမှာရောဂါပိုး ကင်းစင်ပြီ ဖြစ်သည့် အတွက် Quarantine center များမှ ပြန်လည်စေလွတ်ခဲ့ပြီး ကျန် တစ်ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် Hospital Quarantine ထားရှိကာ စောင့် ကြည့် ကုသပေးလျှက်ရှိကြောင်း အဆိုပါလွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးချုပ် ဒေါက်တာလင်းထဋ်က COVID – 19 နှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
Credit #RightWayNew