IDIမှာ ကျောင်းတက်ဖို့စဥ်းစားနေပြီဆိုရင်တော့ သင့်အနေနှင့် မေဂျာအကြောင်းကို နားလည်ထားဖို့လိုပါပြီ။

First Year မှာတော့ ကျောင်းသူ/ ကျောင်းသားများဟာ အောက်ပါဘာသာရပ်များကိုသင်ယူရမှာဖြစ်ပါတယ်။

Computer – Basic Windows, PowerPoint, Printing, Scanning, Google Services
English (Beginner)
Learning Skills
Personal Development

Second Year ရောက်ပါက Major နှစ်ခုထဲမှ တစ်ခုရွေးချယ်တက်ရောက်ဖို့လိုလာပြီဖြစ်ပါတယ်။

Social Science နဲ့ Development study ဘယ်မေဂျာကိုတက်မလဲ ရွေးချယ်နိုင်ဖို့ဆို အောက်ပါအကြောင်းအရာများကို သင့်အနေနဲ့ နားလည်ထားဖို့ လိုအပ်ပါတယ်။
Diploma in Social Science Study ဆိုတာက လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သိပ္ပံပညာကို မိတ်ဆက်ပေးတဲ့ သင်တန်းတစ်ခုပါ။ ဒီသင်တန်းက အထက်တန်းလွန်ပညာရေး(post secondary education) တွေအတွက် Foundation တစ်ခုအနေနဲ့ သင်ကြားပေးတာဖြစ်ပြီး လူမှုရေးအဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှု၊ လူမှုစနစ်တွေနဲ့ လူ့အပြုအမူတွေကို နားလည်လာအောင် သင်ကြားပေးပါတယ်။
Diploma in Social Science ထဲမှာပါဝင်တဲ့ဘာသာရပ်တွေကတော့—
-Civic Education
-Gender
-Peace and Conflict
-ASEAN
-Basic Law (Minority rights & Human Rights)
-Domestic Law
-International Law
-Research

သင်ယူပြီးတဲ့အခါမှာ တက္ကသိုလ်အဆင့် ဘာသာရပ်တွေဆက်လက်တက်ဖို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ နောင်တွင် NGO, Government offices, Research centers, Education sector, Policy making departments စသဖြင့် နယ်ပယ်ပေါင်းများစွာမှာ အလုပ်လုပ်နိုင်ပါတယ်။
Diploma in Development Studies ဆိုတာကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အာရုံစိုက်ပြီး တိုင်းပြည်တိုးတက်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာသင်ကြားတဲ့ သင်တန်းတစ်ခုပါ။
ဤသင်တန်းအတွင်းမှာ သင်ကြားတာတွေက—

-Introduction to Development Studies ဖွံ့ဖြိုးတိုးတက်မှုအယူအဆ (development theories)
-Community Project management
-Organization Development
-Human Resource Management
-Environmental Science
-Gender
-Research

Diploma in Development Studies ကို လေ့လာတဲ့သူတွေက များသောအားဖြင့်—
NGO/INGO မှာ အလုပ်လုပ်ချင်သူ

Community Development Project တွေထဲမှာ ပါဝင်ချင်သူGovernment Policy Maker လုပ်ချင်သူResearcher ဖြစ်ချင်သူတွေပဲဖြစ်ပါတယ်။ဥပမာ – ကျေးရွာတစ်ရွာမှာ လူတွေ အလုပ်အကိုင်မရှိဘဲ နေကြတာ
Social Science ဘက်က မည်သို့လေ့လာမလဲ?
ဘာကြောင့်အလုပ်မရှိကြတာလဲ? လူမှုရေးအကြောင်းအရာတွေကြောင့်လား (ဥပမာ – ပညာရေးနည်းခြင်း၊ လူမျိုးရေး ကန့်ကွက်မှု)?

အလုပ်အကိုင်နဲ့ လူ့စိတ်ထဲမှာ ဖြစ်ပေါ်တဲ့အပြုအမူများ (ဥပမာ – အကျင့်ပျက်ခြင်း၊ စိတ်ကျခြင်း) ကိုလေ့လာမယ်။

အလုပ်အကိုင်နဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုဆက်ဆံမှုရှိသလဲဆိုတာ သုတေသနလုပ်တတ်တယ်။

Development Studies ဘက်က မည်သို့ဆောင်ရွက်မလဲ?
အလုပ်အကိုင်ဖန်တီးဖို့ ဘယ်လိုဖွံ့ဖြိုးရေးမူဝါဒအသစ်များရေးဆွဲနိုင်မလဲ။ကျေးရွာအတွင်း Small Business Program တွေ၊ Vocational Training Center တွေဖန်တီးသင့်တယ်လား?Government/NGO တွေနဲ့ပူးပေါင်းပြီး Livelihood Projects တင်ပြနိုင်တယ်။

 

တိုချုံး
Social Science — ဘာကြောင့်အလုပ်မရှိတာလဲဆိုတာ နားလည်ဖို့။

Development Studies — အလုပ်ဖန်တီးဖို့ ရှင်းလင်းတဲ့ဖြေရှင်းနည်းအတွက် စီမံကိန်းရေးဖို့။

သည်လောက်ဆိုရင် ကျောင်းသူ ကျောင်းသားများအနေနဲ့ ဘယ် မေဂျာကိုစိတ်ဝင်စားပြီး တက်ရောက်ဖို့ရွေးချယ်နိုင်ပြီလို့ မျှော်လင့်ပါတယ်။ တကယ်လို့ သည်ထက်သိရှိလိုခဲ့တယ်ဆိုရင် page boxကနေလာရောက်မေးမြန်းနိုင်ပါတယ်။